တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တာချီလိတ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်





MNP - မေ   ၃၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မကာဟိုခမ်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်) ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းက မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံနေ့ဆိုင်ရာ ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ နိုင်ငံတော်အစိုးရက အခမဲ့ထောက်ပံ့ပေးသည့် ကျောင်းသုံးဗလာစာအုပ်များကို ခရိုင်အုပ်ချုပ်ရေးမှူးကပေးအပ်ရာ မြို့နယ်ပညာရေးမှူးကလက်ခံရယူခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်ကပေးအပ်သည့် ကျောင်းသုံးထောက်ပံ့ရေးပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးဒေါ်လှသန်းက လက်ခံရယူခဲ့သည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တာချီလိတ်မြို့နယ်ရှိ အခြေခံပညာကျောင်း (၁၃၀)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၆၃၈၆)ဦး၊ (၇၀%)ကျောင်းအပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ယာဆေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)