မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူပေါင်း (၁၇၉၄၈)ဦး လာရောက်ကျောင်းအပ်နှံပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူပေါင်း (၁၇၉၄၈)ဦး လာရောက်ကျောင်းအပ်နှံပြီးဖြစ်

 


MNP - မေ   ၃၁


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်မှ ဇွန်လ ၂ ရက်‌နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ (Kg) အတန်းမှ ဧကာဒဿမတန်းအထိ ကျောင်းသား/သူများ အား နေ့စဉ်ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်‌ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းထိ ကျောင်းသား/သူ စုစုပေါင်း (၁၇၉၄၈)ဦးထိ လာရောက် ကျောင်းအပ်နှံပြီးဖြစ်ကြောင်း သိရသည်။


မင်းလှမြို့နယ်တွင် အထက်တန်း(၆)ကျောင်း၊ အလယ်တန်း(၁၃)ကျောင်း၊ မူလတန်း(၁၃၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (၄)ကျောင်း စုစုပေါင်း (၁၅၉)ကျောင်း တို့တွင် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း နေ့စဉ်ကျောင်းအပ်နှံမှုအား လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းထိ အထက်တန်းအဆင့်(၁၁၆၆)ဦး၊ အလယ်တန်းအဆင့် (၃၉၃၆)ဦးနှင့် မူလတန်းအဆင့်(၁၂၈၄၆)ဦး စုစုပေါင်း ကျောင်းသား/ သူ(၁၇၉၄၈)ဦးကို ကျောင်းအပ်နှံမှု လက်ခံရရှိပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ပေါက်စ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)