သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ



MNP - မေ   ၃၁


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူ နိုင်ရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးကြည်မျိုးလွင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ဆုံးရှုံးမှုမရှိစေရန်အတွက် မိဘအုပ်ထိန်းသူများ၊ ပြည်သူများက၊ ပညာရေးဝန်ထမ်းများ ပူးပေါင်းပြီး အလေးထားဆောင်ရွက်သွားကြစေလို ကြောင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းက ကျောင်းအပ်လက်ခံရာတွင် အခမဲ့ပညာရေးစနစ်ဖြစ်သည့်အတွက် မည်သည့် အခကြေးငွေမျှမလိုကြောင်းနှင့် သာယာဝတီမြို့တွင် အစိုးရအခြေခံပညာကျောင်း (၁၉၀)ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်းရှိကြောင်းနှင့် ကျောင်းအပ်နှံပြီးသည့် ကျောင်းသား / ကျောင်းသူ (၂၄၄၆၉)ဦး ရှိပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ခရိုင်ပညာရေးမှူး ဒေါက်တာစုစုလှိုင်က  စနစ်သစ်ပညာရေးဖြစ်သည့် KG+12 ပညာရေးစနစ်အား ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ပြီး စနစ်သစ်ပညာရေးသည် ကမ္ဘာပညာရေးစနစ်နှင့်အညီ ရေးဆွဲထားခြင်းဖြစ်ကြောင်းစသည့် ပညာရေး စနစ်သစ်အကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၁) ဗိုလ်မှူးကြည်မျိုးလွင်၊ အဖွဲ့ဝင် (၂) ဦးမန်းလေးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းတက်မည့် ကျောင်းသားများထံသို့ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများ၊ ဆရာ / ဆရာမများ၊ မိဘပြည်သူများ၊ ကျောင်းသား / ကျောင်သူများတက်ရောက်ခဲ့ကြပြီး အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား / ကျောင်းသူလေးများက ထာဝရမြန်မာ၊ ကျောင်းအပ်မယ်စသည့် သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။


သတင်း - သန့်ဇော် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)