ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ဆီနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆန်၊ဆီနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်










MNP - မေ   ၃၁


 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်  တိုက်ပွဲရှောင်မိသားစုများနှင့် ကျောင်း သား၊ ကျောင်းသူများအား ဆန်၊ဆီနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က ကမမောင်းမြို့၊ အုန်းတောဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူများအနေဖြင့်ကျောင်းထွက်လက် မှတ်မရှိသော်လည်း ကျောင်းနေနိုင်ရေးအတွက်  ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ်များနှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ယခုတွင် ပညာသင်စရိတ်များနှင့် ဆန်၊ဆီများကိုထောက်ပံ့ပေးပြီး မိသားစုများအတွက် လိုအပ်သည်များကိုလည်းထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက်(၅)နှစ်မှစ၍ ကာကွယ်ဆေးများ ထိုးပေးသွားမည်ဖြစ်ကြောင်းနှင့် စိတ်အားမငယ်ကြရန် အားပေးစကားများ ကိုပြောကြားခဲ့ကြောင်းသိရှိရသည်။ ထို့နောက်ကရင် ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တိုက်ပွဲရှောင်အိမ်ထောင်စု(၆၆၈)စု၊ လူဦးရေ (၂၉၄၇)ဦးအတွက်  တစ်ပတ်စာရိက္ခာဆန်(၂၁၅)အိပ်၊ ဆီ (၃၃၄)ပိဿာနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၃၆)ဦးအား တစ်ဦး လျှင်(၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၇၂၀၀၀၀)ကျပ်၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၁၅)ဦးအား တစ်ဦးလျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့်စုစုပေါင်း(၁၇၂၅၀၀၀)ကျပ်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၄၁၉)ဦးအား တစ်ဦးလျှင်(၁၀၀၀၀)ကျပ်နှုန်း ဖြင့် စုစုပေါင်း (၄၁၉၀၀၀၀)ကျပ်၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၅၇၀)ဦးအတွက် ထောက်ပံ့ငွေကျပ်(၆၆၃၅၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုက်ပွဲရှောင်မိသားစုများမှ ကိုယ်စားလှယ်တစ်ဦးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ကမမောင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့သွား ရောက်၍ လူနာများအား  အာဟာရရှိသော အစားအစာများပေးအပ်ခဲ့ပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်


ထို့နောက် ကမမောင်းမြို့ကိုးနဝင်းဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကိုးနဝင်းဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီးဘုန်းကြီးကျောင်း‌‌နေ ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာသင်စရိတ်ထောက်ပံ့ ငွေကျပ် (၄၁၆၀၀၀၀)ကိုလှူဒါန်းပေးခဲ့ကြောင်းနှင့် ပန်းခင်းစီမံချက်ဖြင့် ပေးအပ်ခဲ့ကြောင်းသိရသည်။


ထို့ပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဖာပွန်ခရိုင်နှင့် ကမမောင်းမြို့ရှိဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆန်၊ဆီ များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်တင်လှ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)