ကျောက်ဖြူမြို့၌ ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါ မကျရောက်စေရန် အခြေခံပညာကျောင်းများတွင် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဖြူမြို့၌ ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုတ်ကွေးရောဂါ မကျရောက်စေရန် အခြေခံပညာကျောင်းများတွင် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်









MNP ၊ မေ  ၃၁

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများအား ခြင်ကိုက်ခံ ရခြင်းကြောင့်ဖြစ်ပေါ်တတ်သည့် သွေးလွန်တုန်ကွေးရောဂါများမကျရောက်စေရန်အတွက် မြို့ပေါ်ပရဟိတ အသင်းများပူးပေါင်းပြီး အခြေခံပညာကျောင်းများသို့ သွားရောက်ကာ သွေးလွန်တုတ်ကွေးရောဂါကြိုတင် ကာကွယ်ရေး ဆေးဖြန်းခြင်းလုပ်ငန်းများကို မေလ ၂၈ ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 


“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေအကုန်လုံး ဇွန်လ(၂)ရက်နေ့ကနေ စတင်ဖွင့် လှစ်တော့မယ်ဆိုတော့ ကျွန်တော်တို့ ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ပညာသင်ယူကြမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ခြင်ကိုက်ခံရတာကြောင့် ဖြစ်တတ်တဲ့ သွေးလွန် တုတ်ကွေးရောဂါတွေမဖြစ်ပေါ်စေဖို့ ကျွန်တော်တို့မြို့ပေါ်ပရဟိတအသင်းအဖွဲ့တွေပူးပေါင်းပြီး ရပ်ကွက် တွေမှာရှိတဲ့ ထက်/လယ်/၊မူကျောင်းတွေ၊ မူလတန်းကြိုကျောင်းတွေနဲ့ ရုံးတွေကို သွား‌‌ရောက်ပြီးတော့ ဆေးဖြန်းတာတွေကို ဆောင်ရွက်ခဲ့ပါတယ်၊ ဆက်လက်ပြီးလည်း အသင်းရံပုံငွေအခြေအနေအပေါ်မူတည်ပြီး တော့ နယ်ကျောင်းတွေကိုပါ သွားရောက်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ဆေးရည်နှင့်ဆက်စပ်ပစ္စည်းတွေ အလုံအလောက်ရှိရင် နယ်ကျောင်းတွေပါ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု လေးဝတီကုလရက္ခိတပရ ဟိတအသင်း ဥက္ကဌ ဦးဂျပန်ကြီးက ပြောသည်။


ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူမြို့ပေါ် ပရဟိတအသင်းများဖြစ်သည့် ဓူဝံကြယ်နာရေးကူညီမှု အသင်း၊ လေးဝတီကုလရက္ခိတပရဟိတအသင်းနှင့် ရက္ခိတရင်ခွင်သာရေးနာရေးအသင်းမှ တာဝန်ရှိသူများ က မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများဖြစ်သည့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းများ၊ အလယ်တန်းကျောင်းများ၊ မူလတန်းကျောင်းများ၊ မူလွန်ကျောင်းများဖြစ် သည့် အခြေခံပညာကျောင်း(၁၄)ကျောင်း၊ မူလတန်းကြိုကျောင်း(၄)ကျောင်းသို့သွားရောက်ပြီး ၎င်းကျောင်း များရှိ စာသင်ခန်းများ၊ ရုံးခန်းများနှင့် ကျောင်းခြံဝန်း အတွင်း/အပြင်တို့အား မာလာသီယွန်ဆေးဖြန်းပေး ခြင်းများဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် အဆိုပါပရဟိအဖွဲ့သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးသို့သွားရောက်၍ ရုံးခြံဝန်း အတွင်းအပြင်နှင့် ရုံးခန်းများအား ဆေးဖြန်းပေးခဲ့ကြောင်း သိရှိရသည်။ 


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)