ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတားလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေး လမ်း၊ တံတားလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်




MNP - မေ ၃၁


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေကျပ် ၄၄၈ ဒသမ ၄၄ သန်းဖြင့် ကန့်ဘလူမြို့  ဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့အတွက် ကတ္တရာလမ်းခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ မူလလမ်းကိုချဲ့၍ ကတ္တရာခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ Box Culvert များတည်ဆောက်ခြင်း၊ မြို့ရေပေးရေးပိုက်လိုင်းများနှင့်ဂိတ်ဘားများ ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)ရပ်ကွက် ဘက်စုံလမ်းများ ကတ္တရာခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် သရဖီလမ်း ကွန်ကရစ်လမ်းခင်းခြင်း၊ အမှတ်(၃)ရပ်ကွက် အထက(ခွဲ)ညောင်အိုင် ကျောင်းရှေ့ ကတ္တရာခင်းခြင်း၊ အမှတ်(၄)ရပ်ကွက် မဟာဗန္ဓုလလမ်း ကတ္တရာခင်းခြင်း၊ အမှတ်(၅)ရပ်ကွက် အောင်မင်္ဂလာလမ်း ကတ္တရာခင်းခြင်း၊ အမှတ်(၃)ရပ်ကွက် မင်းရဲကျော်စွာလမ်း ကျောက်ချောခင်းခြင်း၊ အမှတ်(၂)ရပ်ကွက် ကျွန်းရွှေဝါလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ထန်းကုန်းအထွက်လမ်းပြုပြင်ခြင်း၊ မြို့တွင်းလမ်းပေါက်ဖာထေးခြင်း၊ အမှတ်(၁) ရပ်ကွက် ပါရမီလမ်းသွယ်၊ အမှတ်(၂)ရပ်ကွက် နှင်းဆီလမ်း၊ အမှတ်(၃)ရပ်ကွက် တပင်ရွှေထီးလမ်း၊ အမှတ်(၄) ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်၊ အမှတ်(၅)ရပ်ကွက် ဦးရာဇာတ် လမ်းသွယ်တို့တွင် Box Culvert များ တည်ဆောက်ခြင်းနှင့် မြို့ရေပေးရေးပိုက်လိုင်းနှင့်ဂိတ်ဘားများ ပြုပြင်ခြင်းလုပ်ငန်းများကို ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၂၂ ဒသမ ၀၄ သန်းဖြင့်ဆောင်ရွက်မည်ဖြစ်သည်။


ထို့ပြင် ကန့်ဘလူ-ကျွန်းလှအထွက်လမ်း တစ်ဖက် (၂)ပေချဲ့၍ ကတ္တရာခင်းခြင်းနှင့်ကတ္တရာထပ် ပိုးလွှာခင်းခြင်း၊ (၈)လက်မစက်ရေတွင်း တူးဖော်ခြင်း၊ အမှတ်(၁)ရပ်ကွက် ဘက်စုံလမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၃)ရပ်ကွက် တပင်ရွှေထီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၊ကျေးလက်ရုံးအဝင်လမ်း ကွန်ကရစ်ခင်းခြင်း၊ ကျေးလက်ရုံးလမ်းအဝင်ထောင့်မှ ပြည်သူ့အငှားအိမ်ရာဝင်းထိ ကွန်ကရစ်ခင်းခြင်း၊ လေးခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာဘေးလမ်း ကွန်ကရစ်ခင်းခြင်း၊ ပြည်သူ့အငှားအိမ်ရာအဝင်လမ်း Box Culvert သုံးစင်းတည်ဆောက်ခြင်း၊ အမှတ်(၂)ရပ်ကွက် Box Culvert နှစ်စင်းတည်ဆောက်ခြင်းနှင့် အမှတ်(၂)ရပ်ကွက် ဂါလံ ၂၄၀၀ ဆံ့ရေစင်နှင့် ၄ လက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းများကို အထွေထွေပိုလျှံရန်ပုံငွေကျပ် ၃၂၆ ဒသမ ၄၀ သန်းဖြင့် ဆောင်ရွက်မည်ဟုသိရသည်။


ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် တြိဂံများ၊ လမ်းလယ်ကျွန်းများ၊ လမ်းဘေးဝဲယာများတွင်လည်း လမ်းသွားလမ်းလာများ မျက်စိပသာဒဖြစ်စေရန် အလှသစ်ပင်များစိုက်ပျိုးခြင်း၊ ပုံပန်းသဏ္ဍာန်လှပအောင်ပုံဖော်ခြင်း၊ ဖြတ်ညှိခြင်း၊ ရေလောင်းပေါင်းသင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ  ဦးစိုးလွင်ကပြောပြသည်။


သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)