USDPပါတီ ဆဌမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

USDPပါတီ ဆဌမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေး ကျင်းပမည်






MNP ၊ မေ ၃၁

ပြည်ခိုင်ဖြိုးပါတီ ဆဌမအကြိမ်မြောက် ပါတီဗဟိုကော်မတီအစည်းအဝေးသို့ တက်ရောက်ကြမည့် ပြည်ထောင်စုနယ်မြေပါတီမှ ဗဟိုကော်မတီဝင်များအရံကော်မတီများနှင့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။


ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင်သည် ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပြည်ထောင်စုနယ်မြေ ပါတီရုံး၌ ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆဋ္ဌမအကြိမ် ဗဟိုကော်မတီအစည်းအဝေးတက်ရောက်ကြမည့် ပြည်ထောင်စုနယ်မြေပါတီမှ ဗဟိုကော်မတီဝင်များ အရံဗဟိုကော်မတီဝင်များနှင့် အကြိုညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင် က ဆဌမအကြိမ်မြောက် ဗဟိုကော်မတီအစည်း အဝေးသို့ နိုင်ငံနှင့်တဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီမှ ဗဟိုကော်မတီအစည်းအဝေးတွင် ပါဝင်တက်ရောက်လာကြမည်ဖြစ်ပါကြောင်း၊ မိမိတို့ ပြည်ထောင်စုနယ်မြေမှတက်ရောက်ကြမည့် ပြည်ထောင်စု နယ်မြေကိုယ်စားပြု ဗဟိုကော်မတီဝင်များ အရံဗဟိုကော်မတီဝင်များသည်  နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ခွင့်ရရှိရေးအတွက် ပါတီအောင်နိုင်ရေး ရည်မှန်းချက်များ အပြုသဘောဆောင်သော အထောက်အကူဖြစ်စေနိုင်သော အနှစ်သာရနှင့်အဓိပ္ပါယ်အနှစ်သာရရှိသည့် ပါဝင်ဆွေးနွေးမှုကို ပါဝင်ဆွေးနွေးကြရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်ဟု သိရသည်။

ထို့နောက် အကြိုညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဗဟိုကော်မတီဝင်များ အရံဗဟိုကော်မတီဝင်များမှ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးမြင့်လှိုင် က နိဂုံးချုပ်အမှာစကားပြောကြားကာ ပါတီဝတ်စုံများနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ တစ်ဦးချင်းစီထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)