ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ (၂၀၂၂) အား တက်ရောက် ဖွင့်လှစ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက ကြီးမှူးကျင်းပသည့် မနောလိဂ်အမှတ်ပေးဖလား ဘောလုံးပြိုင်ပွဲ (၂၀၂၂) အား တက်ရောက် ဖွင့်လှစ်ပေး




MNP - မေ   ၄

ကချင်ပြည်နယ်အတွင်းရှိ ဒေသခံစီးပွား‌ရေးလုပ်ငန်းရှင်များက ကြီးမှူးကျင်းပသည့် ပြည်နယ်၏ ဘောလုံး အားကစားသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ဘောလုံးအသင်း ၁၂ သင်းပါဝင်ယှဉ်ပြိုင် ကြမည့် အမှတ်ပေးလိဂ်ဖလား မနောလိဂ်အမျိုးသားဘောလုံးပြိုင်ပွဲ (၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို မေ ၂ ရက် ညနေ ၃ နာရီတွင် ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်တိုင်းရင်းသား တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဖွင့်ပွဲအဖြစ် နှစ်ခြင်းခရစ်ယာန်ဓမ္မဆရာတစ်ဦးက ဆုတောင်းဆက်ကပ်အပ်နှံပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ ဘောလုံးဝါသနာရှင်များ အချင်းချင်း ချစ်ကြည်ပူးပေါင်းမှုရရှိစေရန်၊ လူငယ်လူရွယ်ဘောလုံးအားကစားသမားများ ကျန်းမာကြံ့ခိုင်မှုများ ရရှိလာစေရန်၊ ဘောလုံးအားကစားကို ချစ်မြတ်နိုးစိတ်မှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုတိုးပွား ထက်သန်လာစေရေးအတွက် ယခုလို ကျင်းပပြုလုပ်ပေးကြသည့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများအားလုံးကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ယခုလို တက်ညီလက်ညီ ဖြင့် ပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မား လာမည်ဟု အခိုင်အမာယုံကြည်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြမည့် ထိန်လင်း FC နှင့် Real Kachin FC တို့မှ အသင်းနည်းပြ/အုပ်ချုပ်သူများနှင့် အသင်းသားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြပြီး ဘောလုံးယှဉ်ပြိုင်မှုကို ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြရာ ထိန်လင်း FC အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။ ဆက်လက်၍ ပြည်နယ် စီးပွားရေးရာဝန်ကြီးက ပြိုင်ပွဲအတွင်း အကောင်းဆုံး အားကစားသမားဆုကို ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ မနောလိဂ်အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဘောလုံး အားကစားဝါသနာရှင်များနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်း၍ လူငယ်များ၏ အားကစားကဏ္ဍ တိုးတက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဖွဲ့စည်းကျင်းပခဲ့ကာ ပထမဆုငွေကျပ်သိန်း (၅၀)အပါအဝင် ပြိုင်ပွဲတိုင်းအား အဆင့်လိုက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)