မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်




MNP - မေ   ၁၆


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အဖွင့်အမှာစကား ပြောကြား၍ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသောင်းထိုက်က အခြေခံစားသောက်ကုန်ထုတ်လုပ်မှုနှင့် လူသုံးကုန် ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး သိန်းထွန်းက ဖြည့်စွက်ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ချိုချိုသန်းက အဆိုပါသင်တန်းတွင် ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


ထိုသင်တန်းတွင် မိုးညှင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား သင်တန်းသူ (၂၀)ဦးတို့အား အခြေခံစားသောက်ကုန် (၅)မျိုးနှင့် လူသုံးကုန် (၅)မျိုး စုစုပေါင်း အမျိုးအမည် (၁၀)မျိုးတို့ကို မေလ (၁၆)ရက်နေ့မှ (၃၀)ရက်နေ့အထိ စာတွေ့လက်တွေ့ဖြင့် (၁၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြှင့်မားလာစေရန်နှင့် မြို့ပြများသာမက ကျေးလက်ဒေသများပါမကျန် အလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိပြီး တပိုင်တနိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်စေသည်အထိ ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းထံမှ သိရသည်။


သတင်း - ဇွဲသူရအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)