NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လှုပ်ရှားမှုများနှင့် အကြမ်းဖက်နှိမ်နင်းရေး (စုစည်းတင်ပြမှု) - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အကြမ်းဖက်လှုပ်ရှားမှုများနှင့် အကြမ်းဖက်နှိမ်နင်းရေး (စုစည်းတင်ပြမှု)



၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့ည ၉ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ သဇင်ရပ်ကွက်၌ NLD အစွန်ေးရာက် PDF အကြမ်းဖက်များအား အလှူငွေကောက်ခံပေးသူ ရဲထက်အောင်(၈၉ လမ်း၊ ညောင်ကွင်းရပ်ကွက်၊ အောင်မြေသာဇံမြိုနယ်၊ မန္တလေးတိုင်းဒေသကြီး)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။ ပရဟိတအမည်ခံ လှုပ်ရှား၍ အကြမ်းဖက်အဖွဲ့များအတွက် ငွေေကြေးရှာဖွေ ထောက်ပံ့ပေးနေသူတစ်ဦးဖြစ်သည်။


၁၅-၅-၂၀၂၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ တိန်းသာကျေးရွာနေ ဦးမိုးကျော်ပိုင်ဆိုင်သည့် ၆ ဘီးကုန်တင်ယာဉ်အား ယာဉ်မောင်း မောင်ရ မှမောင်းနှင်ပြီး ကျေးရွာမှထွက်ခွာလာစဉ် ရိုးလာဒေသ အရောက်တွင် NLD အစွန်းရောက် PDF အကြမ်းဖက်များမှ မောင်ရအားဖမ်းဆီးထားပြီး ယာဉ်ပိုင်ရှင် ဦးမိုးကျော်အား ဖုန်းဆက် ခေါ်သဖြင့် သွားရောက်စဉ် ဒလန်ဟုစွပ်စွဲကာ ဦးမိုးကျော်အား သတ်ဖြတ်သွားပြီး မောင်ရ အားဖမ်းဆီးသွားကြောင်း သိရပါသည်။


၁၅-၅-၂၀၂၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ လက်ပံတောကျေးရွာအနီး ကလေးဝ-ယာကြီးကားလမ်း၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်များမှ ပစ်ခတ်ရန် အသင့်ပြင်ဆင်ထားသည့် လက်လုပ်ရှော့တိုက် စိန်ပြောင်း ၁၂ လက်၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁၅ လုံးနှင့် တွဲလျက်တပ်ဆင်ထားသော ကီးပတ်ဖုန်း ၁၂ လုံးတို့အား ဖယ်ရှားရှင်းလင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။


၁၅-၅-၂၀၂၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် သိုင်းငင်းကျေးရွာကြား၌ NLD အစွန်းရောက် CDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၂၀ လုံးနှင့် လမ်းလျှောက်စကားပြောစက် ၂ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။


၁၅-၅-၂၀၂၂ ရက်နေ့ ည ၇ နာရီခွဲခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ထန်းတောမကျေးရွာ၌ လုံခြုံရေးအဖွဲများမှ နယ်မြေရှင်းလင်းစဉ် မသင်္ကာဖွယ်လူ ၂ ဦးအား တွေ့ရသဖြင့် စစ်ဆေးရန်ခေါ်ယူစဉ် ထွက်ပြေးသွားသောကြောင့် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ရာ လက်နက်ငယ်ကျည်ထိမှန် ဒဏ်ရာဖြင့် ကျား ၂ လောင်းနှင့်အတူ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗိုကျဉ် ၅ တောင့်နှင့် လက်လုပ်မိုင်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။


၁၅-၅-၂၀၂၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မလယ်-ယမနေ-ဇီးကုန်း-ကာဘိုး သွားကားလမ်း ထန်းတပင်ကျေးရွာနှင့် ပုပ္ပါးကျေးရွာ ကြား၌ တရားမဝင်ချက်ဆီ(ဒီဇယ်)များသယ်ဆောင်လာသည့်

- ယာဉ်မောင်း မြင့်မောင်၊ အိမ်အမှတ်(၄၈)ထထ-၂ ရပ်ကွက်၊ ပြည်ကြီး တံခွန်မြိုနယ်၊ မန္တလေးနှင့် ယာဉ်နောက်လိုက် နိုင်ထွန်း အမှတ်(၇)ရပ်ကွက်၊ လျှပ်စစ်ကုန်းရပ်၊ ကသာမြိုနေသူတိုမောင်းနှင်လာသော ၁၂ ဘီးယာဉ်ပေါ်၌ ဆီပေပါ ၁၀၀ လုံး။

- ယာဉ်မောင်း သိန်းထွန်းဝင်း၊ အလုံရပ်ကွက်၊ မုံရွာမြို့နှင့် ယာဉ်နောက်လိုက် သိန်းတန် ဖောင်းကတောကျေးရွာ၊ ဆားလင်းကြီးမြို့နယ်နေသူတို့ မောင်းနှင် လာသော ၁၂ ဘီးယာဉ်ပေါ်၌ ဆီပေပါ ၉၀ လုံး။

- ယာဉ်မောင်း ကျော်သူ၊ ကံကုန်းရွာ၊ ဆားလင်းကြီးမြို့နယ်နှင့် ယာဉ်နောက်လိုက် သူရမောင် ဖောင်းကတော(တ)ရွာ၊ ဆားလင်းကြီးမြို့နယ်နေသူတို့ မောင်းနှင် လာသော ၁၂ ဘီးယာဉ်ပေါ်၌ ဆီပေပါ ၇၅ လုံး။

- ယာဉ်မောင်း ကျော်ထွန်း၊ ဟဲပုကျေးရွာ၊ မိုးညှင်းမြိုနယ်နှင့် ယာဉ်နောက်လိုက် သိန်းမင်းထွန်း၊ ရွာရှည်ကျေးရွာဦ၊ အရာတော်မြိုနယ်နေသူတို့ မောင်းနှင်လာသော ၁၂ ဘီးယာဉ်ပေါ်၌ ဆီပေပါ ၉၀ လုံး။

စုစုပေါင်း ယာဉ် ၄ စီးနှင့် တရားမဝင်ချက်ဆီ(ဒီဇယ်)ပေပါ ၃၅၅ လုံးအား တရားခံ ၈ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


၁၅-၅-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ကုက္ကိုလ်ကျင်းကျေးရွာ အနီး၌ လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းစဉ် NLD အစွန်းရောက် PDF အကြမ်းဖက်များ၏ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ဗုံးသီး ၂၂ လုံး၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ဘက္ထရီ ၂ လုံးနှင့် ဆိုင်ကယ်မျိုးစုံ ၂၇ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


၁၅-၅-၂၀၂၂ ရက်နေ့ နံနက် ၃ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာအုပ်စု၊ ဇီးပင်သာကျေးရွာနေ ဦးဖိုးလွင်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF များရောက်ရှိလာပြီး ဒလန်ဟုစွပ်စွဲကာ သေနတ်ဖြင့်ပစ်/ ဓားဖြင့်ခုတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရသည်။


၁၅-၅-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြိုနယ်၊ နောင်ကြီးအိုင်ကျေးရွာရှိ ရဲကင်းစခန်းအား PDF အကြမ်းဖက်များမှ လက်လုပ် စိန်ပြောင်း၊ လက်နက်ငယ်၊ Drone များဖြင့် ပစ်ခတ်တိုက်ခတ်လာသဖြင့် လုံခြုံရေး အဖွဲများမှပြန်လည်ပစ်ခတ်ခဲ့ရာ လုံခြုံရေးအဖွဲများ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်များ ထိခိုက်မှုများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားပြီး ရဲကင်းစခန်းအနီးရှိ ပြည်သူပိုင် နေအိမ် ၁၀ လုံးအား မီးရှိဖျက်ဆီးသွားကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)