ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာ(၂၅၀၀) ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်ဝန်ကြီးချုပ် သာသနာ(၂၅၀၀) ကျောင်းထိုင်ဆရာတော်အား သွားရောက်ဖူးမြော်

 






MNP - မေ    ၃၀


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ သာသနာ(၂၅၀၀)ကျောင်း ထိုင်ဆရာတော်အား သွားရောက်ဖူးမျှော်ကာ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် နဝကမအလှုငွေများ ဆက်ကပ်လှူဒါန်းပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် ဗလာစာအုပ်(၅၀၀) ထောက်ပံ့ ပေးအပ်လှူဒါန်းပေးရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌက လက်ခံယူသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိူးမြို့တွင်း လမ်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရူရာ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းပြီး လားရှိုးမြို့အား Smart City And Green City ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့်  ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် မြို့သန့်ရှင်း သာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းများ ဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများ သွားရောက်ကြည့်ရူရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားသည်။


ထို့နောက် လူမျိုးမရွေးဘာသာမရွေးအသင်း၌ ဖွင့်လှစ်ထားသော ကျောက်ကပ်သန့်စင်ကုသရေးဌာန အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က လှူဒါန်းငွေ ကျပ်သိန်း (၃၀) နှင့် စေတနာရှင် အလှူရှင်များမှ ကျပ် (၁၀) သိန်းတို့ကို  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်လှူဒါန်းပေးရာ အသင်းအဖွဲ့ အစည်း တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လားရှိုးမြို့ ရန်တိုင်းအောင်စေတီဘုရားသို့ သွားရောက်ဖူးမျှော်ကာ ပန်း၊ ရေချမ်း၊ ဆီမီး ဆက်ကပ်လှူဒါန်း၍ ဘုရားအတွက် အလှူငွေများ ထည့်အပ်လှူဒါန်းပေးကြပြီး ဘုရားစေတီကုန်းအတွင်းရှိ ကြေးခေါင်းလောင်းများ တပ်ဆင်နိုင်ရန်အတွက် လှူဒါန်းငွေကျပ် (၁၂၇.၅) သိန်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ပေးအပ်လှူဒါန်းရာ တိုင်းမှူး၊ ဒုတိယတိုင်းမှူးတို့မှ လက်ခံရယူ၍ ဘုရားစေတီကုန်းအတွင်း လှည့်လှည်ကြည့်ရူကြကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)