MNP - မေ ၃၀
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့အတွင်းရှိ ကျွဲကောခြံများတွင် ရာသီစာသီးနှံဖြစ်သည့် မိုးကျွဲကောသီးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ပေါ်ဦးပေါ်ဖျားဈေးကောင်းရရှိရန် ကျွဲကောသီးစီးပွါးဖြစ် စိုက်ပျိုးသူများမျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။
ယခုလို မိုးဦးကျရာသီတွင် မော်လမြိုင်ကျွဲကောသီးထက်အထွက်စောသည့် ကျိုက်မရောဒေသရှိ နတ်စမ်းကျွဲကောသီးများကို စားသုံးသူများက ပိုမိုကြိုက်နှစ်သက်ကြပြီး အဝယ်လိုက်ကြောင်း နတ်စမ်းကျွဲကောမျိုးက ယိုးဒယားကိုင်းဆက်မျိုးဖြစ်ကာအ ရောင်တွေက ပန်းရောင်မျိုးနှင့် အဖြူမျိုးဆိုပြီး နှစ်မျိုးရှိကြောင်း ပန်းရောင်မျိုးကအချိုနည်းနည်းပေါ့၍ အဖြူမျိုးကအချိုစူးကာ အရည်လည်းရွှမ်းသဖြင့်စားလို့ပိုကောင်းသဖြင့် လူကြိုက်ပိုများကာ အခြားသောမြို့များသို့ တင်ပို့ရောင်းချရာ၌ ဈေးပိုရကာအရောင်းသွက်ကြောင်း ကျွဲကောသီးတစ်လုံးလျှင် ယခုလိုပေါ်ကာစ၌ ၃၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်ထိရောင်းရကြောင်း ကျွဲကောသီးစီးပွားဖြစ် စိုက်ပျိုးသူ ဒေါ်ရှမ်းမကပြောသည်။
နယုန်လဆိုလျှင် ကျွဲကောသီးများလှိုင်လှိုင်ထွက်ရှိပြီး အမှဲ့မှန်တော့မှာမို့ အပိုဝင်ငွေရရှိတော့မည်ဖြစ်ကြောင်း သိရသည်။
သတင်း - ချိုမြတ်မြတ်ထွေး
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment