ဝေါမြို့မဈေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသော ဆိုင်များအား လိုက်လံစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့မဈေးအတွင်း လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံ ရောင်းချနေသော ဆိုင်များအား လိုက်လံစစ်ဆေး

 


MNP - မေ   ၁၆


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယနေ့၊ နံနက်ပိုင်းက ဝေါမြို့မဈေးကြီးအတွင်းရှိ လူသုံးကုန်၊ စားသောက်ကုန်နှင့် ဆေးမျိုးစုံရောင်းချနေသောဆိုင်များသို့ ကွင်းဆင်း၍ လက်ရှိရောင်းချနေသော ဆပ်ပြာခဲများ၊ စားသုံး ဆီများ Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plasterများတွင် ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပြီး၊ စားသောက်ကုန်လုပ်ငန်းရှင်မျာနှင့် တွေ့ဆုံကာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးပညာ‌ပေး ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်းကာ ဆေးဝါးမှတ်ပုံတင်ရှိမရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာများ၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့် အကြောင်းအရာ များအား တိုင်ကြားနိုင်သည့် Website များကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ရှိလုပ်ဆောင်နေမှုများနှင့် ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများအကြောင်းကိုလည်း ရှင်းပြသွားခဲ့ကြောင်း သိရသည်။


သတင်း - စိုးမိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)