ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် Grade-8 သင်ရိုးသစ်သင်တန်း ဖွင့်လှစ်ပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် Grade-8 သင်ရိုးသစ်သင်တန်း ဖွင့်လှစ်ပို့ချ

 



MNP - မေ  ၁၆


ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်  Grade-8 သင်ရိုးသစ် သင်တန်းဖွင့်ပွဲကို ယနေ့  နံနက် ၉ နာရီမှ စတင်ကာ  အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ကာ သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ  မြို့နယ်ပညာရေးမှူး  ဦးအောင်စံကျော်မှ သင်တန်းဖွင့်လှစ် ပို့ချပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက သင်တန်းနှင့်ပတ်သတ်၍  သင်တန်းမှ ပို့ချပေးမည့် ဘာသာရပ်များအား စနစ်တကျ လေ့လာမှတ်သား သင်ယူကြရန်နှင့်  သင်တန်းတွင် လိုက်နာဆောင်ရွက်ကြရမည့် စည်းကမ်းချက်များအား အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့သည်။  အဆိုပါ မြို့နယ်အဆင့်  Grade-8 သင်ရိုးသစ်သင်တန်းတွင် နည်းပြ  ၁၉ ဦး တို့က မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း အဆင့် ဆရာ / ဆရာမ  ၄၄၈ ဦးတို့အား မြန်မာစာ ၊ အင်္ဂလိပ်စာ  ၊သင်္ချာ ၊ ပထဝီ ၊သမိုင်း ၊သိပ္ပံ ၊ စာရိတ္တနှင့် ပြည်သူ့နီတိ စသည့် ဘာသာရပ်များ အား  မေ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - သက်လွင်စိုး


မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)