ညောင်ရွှေမြို့နယ်၌ ၂၀၂၂-ခုနှစ်အတွက် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ်၌ ၂၀၂၂-ခုနှစ်အတွက် မိုးရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

 




MNP - မေ   ၁၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၂-ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများထုတ်ပေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ယနေ့တွင် ကျောက်တိုင်ကျေးရွာ အုပ်စုမှတောင်သူ (၈၈)ဦး စပါးစိုက်ဧက(၄၀၅)၊ ပြောင်းစိုက်ဧက(၁၉၂)အတွက် ချေးငွေကျပ် (၇၉၉.၅)သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူ စုစုပေါင်း (၁၄၀၀)ဦးခန့် စပါးစိုက်ဧက (၄၀၃၄)၊ ပြောင်းစိုက်ဧက(၁၀၉၂)အတွက် စုစုပေါင်းချေးငွေကျပ် (၇၂၀၀)သိန်းကို အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ် မန်နေဂျာဒေါ်မာလာစိုး၏ ပြောကြားချက်အရ သိရသည်။                         


သတင်း - စိုင်းအယ်ဘဲ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)