ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဝင်ရောက်မီးရှို့ဖျက်ဆီး



MNP ၊ မေ ၁၆

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်သမား များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများ အပြင် အများပြည်သူနေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲ ကျေးရွာရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ်များအား ယနေ့ညနေပိုင်းတွင် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက အနောက်ဘက်အင်းဘက်ရှိ ဟိုတိန်းတောင်ကျေးရွာဘက်မှ လှေများဖြင့် ရောက်ရှိ လာခဲ့ပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးလျက်ရှိသည်ကို တည်ငြိမ်းအေးချမ်း မှုကိုလိုလားသည့် ဒေသခံပြည်သူတစ်ဦးက သတင်းပေးပို့လာခဲ့သဖြင့် ဖယ်ခုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သမားများသည် ကျေးရွာအတွင်း အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား လိုက်လံမီးရှို့ဖျက်ဆီးလျက်ရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများသည် တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့ဆုတ်ခွာရာနောက်သို့ ထပ်ကြပ်လိုက်၍ လိုအပ်သည့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အထက်ပါ ဖြစ်စဉ်မှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)