ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ




MNP - မေ   ၃၀


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားကို ယနေ့နံနက် ၉နာရီက အထက ပုသိမ်ကြီး ကျောင်းရှိ အောင်ဇဗ္မူခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသက်လှစု၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးဝင်းဦး တာဝန်ခံ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ကြီး အထကမှ ကျောင်းသားကျောင်းသူများက "ဘက်စုံပညာရည် တို့လှမ်းချီ" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက အမှာစကားပြောကြားပြီး၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဝင်းဦးက အမှာစကားပြောကြားကာ၊ နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ရှိ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများကို ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး  ပုသိမ်ကြီး အထကမှ ကျောင်းသားကျောင်းသူများက"မိုးဦးအလှ စိမ်းစိုမြ" တေးသီးချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့ကြသည်။


ပုသိမ်ကြီးမြို့နယ်တွင် အထက်တန်းကျောင်း (၆)ကျောင်း၊ အထက(ခွဲ)၇ကျောင်း၊ အလယ်တန်းကျောင်း (၄)ကျောင်း၊ အလက(ခွဲ)၃ ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း(၇၂)ကျောင်း၊ အမက(ခွဲ)၂ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၇)ကျောင်းနှင့် ဘ/ကကျောင်း (၃၃)ကျောင်း စုစုပေါင်း (၁၅၃)ကျောင်းရှိပြီး၊ ကျောင်းအပ်နှံရေးနေ့ ပထမရက်မှာပင် ကျောင်းသားဦးရေ (၁၆၈၈၇)ဦး ကျောင်းအပ်နှံထားပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)