မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး




MNP - မေ   ၃၀


မလှိုင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြို့နယ်ဘဏ်ခွဲ)၌ ယနေ့နံနက်(၁၀) နာရီအချိန်တွင် ၂၀၂၂ခုနှစ် မိုးရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။


မြို့နယ်ချေးငွေအကြံပေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ယူလာကြသော တောင်သူဦးကြီးများနှင့်တွေ့ဆုံပြီးနောက်ယခုလိုထုတ်ချေးပေးခြင်းသည် တောင်သူဦးကြီများ၏ လယ်ယာထွက်ကုန်များအထွက်တိုးစေရန် နိုင်ငံတော်အစိုးရမှလိုအပ်သည့် သွင်းအားစုများဝယ်ယူနိုင်ရန် အရင်းအနှီးအဖြစ်အသုံးပြုကြရန် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်ရမည်ကိုသိရှိပြီး အပြေအကျေပေးသွင်းကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေဘဏ်(မြို့နယ်ဘဏ်ခွဲ) မြို့နယ်မန်နေဂျာ ဒေါ်ဌေးဝင်းက သီးနှံစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရခြင်းနှင့်စပ်လျဉ်း၍ စည်းမျည်းစည်းကမ်းများကို အသေး စိတ်ရှင်းလင်းပြောကြားခဲ့ပြီး ချေးငွေများကို ထုတ်ချေးပေးခဲ့သည်။


ထို့နောက်ထန်းတောကျေးရွာအုပ်စုရှိ တောင်သူဦးရေ(၄၂)ဦးအတွက် စပါး၁ဧကလျှင် ငွေကျပ်(၁)သိန်းခွဲနှုန်း၊ အခြားသီးနှံ ၁ ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့်  ချေးငွေကျပ်(၂၉၅)သိန်းအား တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)