လိပ်သိုမြို့၊ မာဒေးကျေးရွာတွင် ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်အပြတ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လိပ်သိုမြို့၊ မာဒေးကျေးရွာတွင် ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ စဉ်ဆက်အပြတ်ဆောင်ရွက်




MNP - မေ  ၁၇


ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ မာဒေးကျေးရွာတွင်ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန် ရောဂါကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများကို  စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်ကရင်၊ မြန်မာနှစ်ဘာသာဖြင့်  အသိပညာပေးနှိုးဆော်မှုများကို   ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။


အဆိုပါအသိပညာပေးလုပ်ငန်းတွင် လိပ်သိုမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအနေ ဖြင့် မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေ  အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို စနစ်တကျ  တပ်ဆင်ကြရန်၊  လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လက်ကိုစက္ကန့်(၂၀)ကြာအောင်  စနစ်တကျဆေးကြောကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန်စသည့်အချက်များကို စကောကရင်ဘာသာနှင့်မြန်မာဘာသာတို့ဖြင့် ကျောင်းကုန်းကျေးရွာအတွင်း လိုက်လံနှိုးဆော်ပေးခဲ့ကြောင်းသိရသည်။


သတင်း - စောဝေါ်ကွောထူး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)