သုံးခွမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုတော်ငွေများ လှူဒါန်းခြင်း စူဋ္ဌဘွဲနှင်းသဘင် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်တွင် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုတော်ငွေများ လှူဒါန်းခြင်း စူဋ္ဌဘွဲနှင်းသဘင် အခမ်းအနားကျင်းပ

 


MNP - မေ   ၁၇


သာသနာရေးဦးစီးဌာနမှ ကျင်းပခဲ့သော သာသနာဆိုင်ရာ စာမေးပွဲများတွင် အောင်မြင်‌‌တော်မူခဲ့သော သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုတော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း စူဋ္ဌဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ ၅နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်၁၁ရပ်ကွက်၊ အနော်ရထာလမ်းရှိ မြို့မရေလည် ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တနာဂဝံသက ဩဝါဒကထာ မြွက်ကြားကြောင်းပြီး ဧည့်ပရိသတ်များက အကျိုးတော်ဆောင် ဆရာတော်ဘ ဒ္ဒန္တဝိမောက္ခသာရထံမှ ငါးပါးသီလ ခံယူသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ၂၀၂၀/၂၀၂၁ ခုနှစ်များတွင် သာသနာရေးဆိုင်ရာ စာမေးပွဲများ၌ အောင်မြင်တော်မူခဲ့သော သာသနဓဇဓမ္မာစရိယ(၁)ပါး၊ ဓမ္မာစရိယ တစ်ကျမ်းအောင်(၂)ပါး၊ ပထမကြီး(၁၀)ပါး၊ ပထမလတ်‌(၆)ပါး၊ ပထမငယ်(၄)ပါး၊ အခြေပြုမူလတန်း(၁၀)ပါး၊ ကျမ်းပြီး သံဃာ(၅)ပါး၊ နိကာယ်အုပ်စု (၁)၊ နိကာယ်အုပ်စု (၂)၊ နိကာယ်အုပ်စု(၃)၊ ကျမ်းပြီးတစ်ပါး၊ ပုဂ္ဂိုလ်တစ်ဦး၊ တစ်ကျမ်းအောင်တစ်ပါး၊ စုစုပေါင်း သံဃာတော်အပါး(၄၀)နှင့် လူပုဂ္ဂိုလ်တစ်ဦးတို့အား အောင်လက်မှတ်နှင့် ဆုတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရှိရသည်။


သတင်း - စည်သူလင်း


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)