အခြေခံပညာအလယ်တန်းမြို့နယ်အဆင့် (Grade-8) သင်ရိုးသစ် Face to Face သင်တန်းဖွင့်ပွဲ အခမ်းအနား ဝေါမြို့၌ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာအလယ်တန်းမြို့နယ်အဆင့် (Grade-8) သင်ရိုးသစ် Face to Face သင်တန်းဖွင့်ပွဲ အခမ်းအနား ဝေါမြို့၌ ကျင်းပ

 


MNP - မေ   ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် (Grade-8) သင်ရိုးသစ် Face to Face သင်တန်းကို ယမန်နေ့ နံနက်၈ နာရီက အထကဝေါ သီရိဇေယျာခန်းမတွင် ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး၊ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးမျိုးဝင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ဆက်လက်၍ မြို့နယ် ဒုတိယပညာရေးမှူး(ပညာ) ဦးတိုးအောင်လှိုင်မှ သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းသို့ သင်တန်းနည်းပြ (၄၂) ဦး၊ သင်တန်းပို့ချမည်ဖြစ်ပြီး အထက်တန်း၊ အလည်တန်း၊ ဆရာ/ ဆရာမ၊(၅၈၁)ဦး၊ တက်ရောက်ကြကာ သင်တန်းကာလမှာ (၁၆.၅.၂၀၂၂) ရက်နေ့မှ (၁၈.၅.၂၀၂၂၂)ရက်နေ့အထိ (၃)ရက်တာ ရက်တို သင်တန်းဖြစ်ကြောင်း ဝေါမြို့နယ်ပညာရေးမှူးရှုံးမှ သိရသည်။


သတင်း - အောင်မြတ်လင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)