MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ရမ္မာဝတီရိုးရာလှီ(လှေ) ပြိုင်ပွဲကို နှစ်စဉ် ကဆုန်လပြည့်ကျော်၊ မေလအတွင်းကျင်းပလျက်ရှိရာ ယခုနှစ်တွင် ၁၃၈၄- ခုနှစ်၊ ကဆုန်လပြည့်ကျော် (၂) ရက်နေ့မှ(၅)ရက်နေ့ထိ(၁၆-၅-၂၀၂၂ ရက်မှ ၁၉-၅-၂၀၂၂ ရက်ထိ) ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲကျင်းပရာတွင် (၄) ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်အတွက်ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကံစမ်းမဲလက်မှတ်များရောင်းချပေးခြင်း၊ ပြိုင်ပွဲကျင်းရေးဗဟိုကော်မတီမဏ္ဍပ်တည်ဆောက်ခြင်း တာလွှတ်စက်၊ တာဖမ်းစက်နေရာများတည်ဆောက်ခြင်းတို့ကို ပြင်ဆင်ထားရှိပြီးဖြစ်သည်။
ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်လှီ(လှေ)များမှာလည်း ယခုအချိန်တွင်လေ့ကျင့်ပြင်ဆင်လျက်ရှိနေကြပြီ ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲကို ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ရမ်းဗြဲမြို့နယ်အတွင်းရှိ ယခင်ဝင်ရောက်ယှဉ်ပြိုင်နေကြသော ကျေးရွာများမှ ပြိုင်ပွဲဝင်လှီ(လှေ)များသာမက ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်အသီးသီးမှ ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားရှိကြောင်း သိရသည်။
ထို့ပြင် ပြိုင်ပွဲတွင် ပြိုင်ပွဲစည်းကမ်းများကို ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲစည်းကမ်းချက်များအတိုင်း ကျင်းပသွားမည်ဖြစ်ပြီ ထိုသို့ရမ္မာဝတီရိုးရာလှီ(လှေ)ပြိုင်ပွဲကျင်းပရာတွင် မပါမဖြစ်သော ရခိုင်ရိုးရာကျင်ပွဲနှင့်အတူ ဇာတ်သဘင်ပွဲ နေ့ပွဲ/ညပွဲများဖြင့် ၄ ရက်၊ ၄ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost





No comments:
Post a Comment