မိုင်းယုမြို့၌ နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းတို့အား E-ID စနစ်ဖြင့် Data ဖြည့်သွင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းယုမြို့၌ နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းတို့အား E-ID စနစ်ဖြင့် Data ဖြည့်သွင်း



MNP -  မေ  ၁

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နယ်စပ်ဒေသ မိုင်းယုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ရှေ့တန်းရုံး)တွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း၊ မှတ်ပုံတင်စာအုပ် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များအား တိကျမှန်ကန်မှုရှိစေရန် e-ID စနစ်ဖြင့် Server အတွင်း သိမ်းဆည်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက စတင်၍ အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်မှုကို မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများဖြစ်ကြသည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦး၊ ပညာရေးဝန်ထမ်းနှစ်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးနှင့် အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ တပ်မတော်သား ငါးဦးတို့မှ ကွန်ပျုတာခြောက်လုံးဖြင့် စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို ပူးပေါင်းအကောင်ထည့်ဖော်ဆောင်ရွက်နေလျက်ရှိကြပြီး ယင်းဆောင်ရွက်မှု တို့အား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ အမှတ် ၁၀၀၈ နယ်ခြားစောင့်တပ်ရင်းမှ ဗိုလ်ကြီး အောင်ဆန်းယုနှင့် မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(ရှေ့တန်းရုံး)မှ မြို့ဦးစီးမှူး ဦးစိုင်းနေမွန်းငြိမ်းတို့မှ ကြည့်ရှုအားပေးကာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြသည်။

မိုင်းယုမြို့တွင် နိုင်(၄)ပါ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် အချက်အလက်များရိုက်သွင်းရမည့် ဦးရေမှာ မိမိဒေသတွင် (၂၀၉၅)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၈၁၀)စု၊ အထူးဒေသ(၄)၊ နမ့်ပန်းဒေသတွင် (၁၆၇၄၅) ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၇၁၀၆)စုတို့ရှိပြီး မှတ်တမ်း ရေးသွင်းခြင်းလုပ်ငန်းကို သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန (ရှေ့တန်းရုံး)မှ သိရသည်။

သတင်း - ကိုကိုနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)