ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ချေးပေး

 





MNP - မေ   ၂၄


ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျေးရွာများရှိ တောင်သူများအတွက်  ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခရိုင်ဘဏ်ခွဲ)၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်မှစ၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


"အခုဆိုရင် ကျွန်တော်တို့ ခရိုင်အတွင်းမှာ ကျေးရွာနေတောင်သူတွေအတွက် ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို မေ၂၃ ရက်နေ့မှ နေ့ကစပြီးတော့ ထုတ်ချေးပေး နေပြီဖြစ်တယ်။ ဒါအပြင် စိုက်ပျိုးစရိတ်ချေးငွေတွေ မထုတ်ချေးရသေးဘဲ ကျန်ရှိနေသေးတဲ့ ကျေးရွာအုပ်စုက တောင်သူတွေကိုလည်း ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းမှစ၍ ဂေါ်ဒူသာရကျေးရွာအုပ်စု၊ သရေကုန်းဘောင်ကျေးရွာရှိ တောင်သူဦးရေ ၅၄ ဦး၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ၊ တစ်ဧကလျှင် ချေးငွေကျပ် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် စိုက်ဧက ၁၉၇ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၂၉၅,၅၀၀၀၀ အား ထုတ်ချေးမည်ဖြစ်ရာ အတိုးနှုန်းမှာ ငွေကျပ် (၁၀၀)လျှင် တစ်နှစ် ၅ ရာခိုင်နှုန်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခရိုင်ဘဏ်ခွဲ) ခရိုင်မန်နေဂျာ ဦးမောင်သန်းဦး ၏ပြောကြားချက်အရသိရသည်။


သတင်း - သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)