­ဘုတ်ပြင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့်‌ နေအိမ်တစ်လုံးပြိုကျပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

­ဘုတ်ပြင်းမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့်‌ နေအိမ်တစ်လုံးပြိုကျပျက်စီး




MNP - မေ  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ ရေငံကြီးကျေးရွာအုပ်စု ပန်းဖုံချောင်းကျေးရွာတွင် ယမန်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး တောင်မြေပြိုကျမှုကြောင့် ရေနံကြီးကျေးရွာ အုပ်စု၊ ပန်းဖုံချောင်းကျေးရွာ၌နေအိမ်(၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


 အဆိုပါ တောင်မြေပြိုကျ၍ ဦးဇော်လင်းဦး ပိုင်ဆိုင်သော (ဓနိမိုး၊ ပျဉ်ခင်း၊ ထရံကာ)နေအိမ်နေအိမ်ပြိုကျမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်ခိုင်မှာ ညှပ်ရိုးကျိုးဒဏ်ရာနှင့် သမီးဖြစ်သူမမြတ်သုသဒ္ဒါပို၏ လက်ကောက်ဝတ်ရောင်ရမ်း ဒဏ်ရာရရှိသဖြင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ဘုတ်ပြင်းပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)