ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် ဂိုဒေါင်တစ်လုံး၊ လူနေအိမ်(၂)လုံးနှင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေးပြင်းတိုက်ခတ်မှုကြောင့် ဂိုဒေါင်တစ်လုံး၊ လူနေအိမ်(၂)လုံးနှင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီး



MNP - မေ   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဂိုဒေါင်တစ်လုံး၊ လူနေအိမ်(၂)လုံးနှင့် စာသင်ကျောင်းဆောင် အမိုးသွပ်နှင့်မြှားတန်းများပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေးပြင်း တိုက်ခတ်မှုကြောင့် တဘက်ကျေးရွာအုပ်စုအတွင်းရှိ ပန်ကန်းကျေးရွာတွင် စာသင်ကျောင်းဆောင်(၁၀ ပေ ၂ ပေ ခန်း)၊ လူနေအိမ် (၂) လုံးနှင့် ဂိုဒေါင် ၁ လုံးတို့၏ အမိုးသွပ်နှင့် မြားတန်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် လေဘေးသင့် ပြည်သူများအား နီးစပ်ရာဆွေမျိုးနေအိမ်များတွင် နေရာချထားပေးပြီး ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမြတ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)