MNP ၊ မေ ၁၁
ရခိုင်ပြည်နယ်၊ပေါက်တောမြို့၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ ကို ယနေ့ မွန်းတည့် (၁၂:၀၀)နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲသို့ ကြီးကြပ်ရန်ကြွရောက်လာကြသည့် မြို့နယ်သဃာ့နာယကဥက္ကဋ္ဌဆရာတော်နှင့် ဆရာတော်များ ၊စာမေးပွဲဖြေဆိုကြမည့် သံဃာတော် ရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်း နှင့်အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာတာဝန်ရှိသူများက မွန်းတည့်ဆွမ်းကိုဆက်ကပ်လှူဒါန်းကြပြီး၊ မွန်းတည့်(၁၂:၀၀)နာရီတွင်မြို့နယ်သာသနာ့ဗိမာန်တော်၌ အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပဉ္စမနေ့ကိုဆက်လက် ဖြေဆိုကြသည်။ စာဖြေဆိုသံဃာစာရင်းအရ (၃၁) ပါးအနက် ၊ ပထမငယ်တန်းတွင် ဘာသာပြန်ဘာသာကို စာရင်းရှိ (၁၀)ပါး အနက် ဖြေဆို (၇)ပါး ပျက်ကွက်(၃)ပါး၊ပထမလတ်တန်းတွင် ယမိုက်အောက်(၅)ကျမ်းဘာသာကို စာရင်းရှိ (၉)ပါးအနက် ဖြေဆို (၇)ပါး ပျက်ကွက်(၂)ပါး၊ ပထမကြီးတန်းတွင် ယမိုက်အထက်(၅)ကျမ်းဘာသာကို စာရင်းရှိ(၁၂)ပါး အနက် ဖြေဆို(၆)ပါး ပျက်ကွက်(၆)ပါး ၊စုစုပေါင်းစာရင်းရှိ(၃၁)ပါးအနက် ပျက်ကွက် (၁၁)ပါး၊ဖြေဆို (၂၀)ပါးတို့က အေးချမ်းစွာဖြေဆိုနေကြပြီး၊ မြို့နယ်ကြီးကြပ် ဆရာတော်များ၊ မြို့နယ်သာသနာရေးဦးစီးမှူး နှင့် ဌာနဝန်ထမ်းများက စာဖြေသံဃာများ အေးချမ်းစွာဖြေဆိုနိုင်ရန် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment