MNP ၊ မေ ၁၁
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာပြီး စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေရန် ရည်ရွယ်၍ စာဖတ်သူလက်ဝယ် အရောက် စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်းအစီအစဉ်အဖြစ်Mobileစနစ်ဖြင့်စာအုပ်များ ငှားရမ်း ဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင်ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မလာရောက်နိုင်သည့် စာအုပ်/စာပေဝါသနာပါသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား အားလပ်ချိန်တွင် မိမိကြိုက်နှစ်သက်သည့် စာအုပ်/စာပေကောင်းများ ဖတ်ရှုလေ့လာရှာမှီးနိုင်စေရေးအတွက် ယနေ့နေ့လည်(၁၂)နာရီက အမှတ်(၃)ရပ်ကွက်ရှိစာပေချစ်မြတ်နိုးသူစာဖတ်ပရိသတ်များအားကွင်းဆင်း၍ သုတရသစာအုပ်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
ယခုကဲ့သို့ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလိုရပ်ကွက်များ၊ ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment