MNP ၊ မေ ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊သင်ရိုးသစ်(Grade-5)မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက်၉နာရီမှ စတင်၍ အထကမာန်အောင်နှင့်အထက(ခွဲ)ဈေးတန်းတို့တွင်ဖွင့်လှစ်ပို့ချသင်ကြားပေးလျက် ရှိကြောင်းသိရသည်။
အဆိုပါသင်တန်းကို ပညာရေးသုတေသန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ Online စနစ်ဖြင့်သင်ယူခဲ့သောဗဟိုအဆင့်နည်းပြဆရာ၊ဆရာမ၃၆ဦးက မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ပို့ချခြင်းဖြစ်ကြောင်းသိရသည်။
ယင်းသင်တန်းသို့ မာန်အောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းပြဆရာ၊ဆရာမ၅၂၉ ဦးတက်
ရောက်ကြပြီး နည်းပြဆရာများမှမြန်မာစာ၊အင်္ဂလိပ်စာ၊သင်္ချာ၊သိပ္ပံ၊လူမှုရေး၊စာရိတ္တ၊ကာယ၊ပန်းချီ၊ဂီတစသည့်ဘာသာရပ်များကိုယခုလ၁၀ရက်နေ့မှ၁၃ရက်နေ့ထိနေ့စဉ်နံနက်၉နာရီမှညနေ၄နာရီထိသင်ကြားပို့ချပေးလျက်ရှိကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
သတင်း - သိန်းဖေ
https://t.me/MyanmarNationalPost





No comments:
Post a Comment