ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာ စတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ဆီထွက်သီးနှံ မိုးနေကြာ စတင်စိုက်ပျိုး


MNP ၊ မေ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ပေါက်ခေါင်းမြို့နယ်၌ မေလ ၉ ရက်နေ့က မိုးရွာသွန်းပြီး  မြေအစိုဓာတ်ရရှိသော ကြောင့် ချောင်းကျိုးကျေးရွာ၊တောင်သူဦးမောင်ကြီး ၏လယ်ယာမြေ(၅)ဧကတွင်ဆီထွက်သီးနှံ မိုးနေကြာကို စတင်ထွန်ယက်စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃-ခုနှစ်တွင် ဆီထွက်သီးနှံနေကြာကို လယ်၊ယာ၊ကိုင်းကျွန်းများတွင်(၁၀၅ )ဧကခန့်စိုက်ပျိုးထားရှိရန်လျာထား လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ဆီထွက်သီးနှံနေကြာစိုက်ပျိုးသည့်တောင် သူများအတွက် အထွက်နှုန်းကောင်းစေရန်နှင့်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန် စိုက်ပျိုးရေးဦးစီး ဌာနဝန်ထမ်းများက စိုက်ခင်းများအရောက်ကွင်းဆင်း၍ လိုအပ်သည်များကိုနည်းပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယခုနှစ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် နေကြာအပါအဝင် နှမ်း၊ မြေပဲ စသည့်ဆီထွက်သီးနှံ များကိုတိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌမှဦးဆောင်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်အခြားဌာနဆိုင်ရာများစုပေါင်း၍ ကျေး ရွာတောင်သူများထံအရောက် နည်းပညာပေးသင်တန်းဆွေးနွေးပွဲများကို ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - သန်းထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)