မောင်တောမြို့နယ် မြို့မအရှေ့ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် မြို့မအရှေ့ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

 


သတင်း ၊ မေ ၁၆

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်  မြို့မအရှေ့ရပ်ကွက်နေထိုင်သူ အမျိုးသမီးတစ်ဦးထံမှ  မေ ၁၅ ရက်နေ့  နံနက် ၁၁ နာရီအချိန် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ အမှတ်(၄၆)မူးယစ်ရဲတပ်ဖွဲ့စု(မောင်တော) နှင့် နယ်ထိန်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ မြို့မအရှေ့ရပ်ကွက်  ဗန္ဓုလလမ်းနေ ဒေါ်မြကေသီ အသက်(၄၈)နှစ်(ဘ)ဦးကွန်ချုပ်ကေ ဈေးရောင်းချသူ၏ နေအိမ် အား ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး  ၎င်း၏ ယာဘက်လက်တွင် ကိုင်ထားသည့် အစိမ်းရောင် လက်ဆွဲ အိတ် အတွင်းမှ အပြာရောင်ကပ်ခွာဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား   WY နှင့် R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ် ဆေးပြား(၂၀၀)ပြားစီပါ ၊(၈)ထုပ် ဆေးပြား(၈၀၀၀)ပြား နှင့် (၁၂၃)ပြားပါ(၁)ထုပ် စုစုပေါင်း ဆေးပြား (၁၇၂၃) ပြား အလေးချိန် (၁၅၅.၀၇)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့် အတူ  လက်ဝယ်တွေ့ရှိ ဒေါ်မြကေသီ အသက်(၄၈)နှစ်(ဘ)ဦးကွန်ချုပ်ကေ (ဖမ်းဆီးရမိ) နှင့် ဆက်စပ်တရားခံ မူးယစ်ဆေးဝါးများရောင်းချပေးသူ  အာတာအူလ္လာ(ထွက်ပြေးတိမ်းရှောင်)နေသူတို့ နှစ်ဦးအား မြို့မရဲစခန်းတွင် မယ(ပ)၁၆/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး ဆက်စပ် တရားခံအား အမြန်ဆုံး ဖမ်းဆီး နိုင်ရေး သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)