မောင်တောမြို့နယ် မြို့မအနောက်ရပ်ကွက်နေထိုင်သူ ဘင်္ဂါလီအမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် မြို့မအနောက်ရပ်ကွက်နေထိုင်သူ ဘင်္ဂါလီအမျိုးသားတစ်ဦးထံမှ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ



MNP ၊  မေ   ၁၆

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်  မြို့မအနောက်ရပ်ကွက်နေထိုင်သူ အမျိုးသား တစ်ဦးထံမှ  မေ ၁၅ ရက်နေ့  ညနေ ၇  နာရီအချိန် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ နယ်ထိန်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ မြို့မအနောက်ရပ်ကွက် ၊ အောက်ရွာ ရှိ မာမွတ်တာယို၏ ဈေးဆိုင်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး ဆက်လက်ရှာဖွေရာ ဆိုင်ခန်းအတွင်း လှေကား ထစ် အောက် သစ်သားဘောင်တန်းပေါ်တွင် Realme 7  တံဆိပ်ပါ အဝါရောင် ကတ္တူစက္ကူဘူး(၁)ဘူးအတွင်း အ နက် ရောင် ကြွပ်ကြွပ်အိတ်အပိုင်း အစများဖြင့် ထုတ်ပိုးထားသော WY နှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ဟုယူ ဆ ရ သည့်  အထုပ်(၁)ထုပ်လျှင်  ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၀)ပြားစီပါ အထုတ်ငယ်(၁၀)ထုတ် ၊ပေါင်း(၁၀၀)ပြား ၊ Pai Ome III တံဆိပ်ပါ  အဝါရောင်ပလက်စတစ်(၁)ဘူးအတွင်းမှ အပြာရောင်ပလက်စတစ် ကပ်ခွာအိတ်ဖြင့် ထည့် ထားသော  WY နှင့် R စာတမ်းပါ ရောရာပါ  လိမ္မော်ရောင်ဆေးပြား တစ်အိတ်လျှင် (၁၉၆)ပြားစီပါ ၊(၂)အိတ် ပေါင်း (၃၉၂) ပြား (၁၉၈)ပြားပါ တစ်အိတ်  စုစုပေါင်း(၃)အိတ်အတွင်းမှ လိမ္မော်ရောင်ဆေးပြား(၅၉၀)ပြား ၊ Pai Ome III တံဆိပ်ပါ အဝါရောင်ပလက်စတစ်(၁)ဘူးအတွင်းမှ လိမ္မော်ရောင်ကော်ဘူးငယ်အတွင်းမှ WY နှင့် R စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား(၅၅)ပြား စုစုပေါင်းဆေးပြား (၇၄၅)ပြား ၊ အလေးချိန် (၇၄.၅)ဂရမ်ခန့်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများ နှင့် အတူ  လက်ဝယ်တွေ့ရှိ မာမွတ်တာယို အသက်(၂၇)နှစ် (ဘ)အဒူရှုက္ကူ ၊ ငရုတ်သီး အမှုန့်ကြိတ် လုပ်ငန်း လုပ်ကိုင်သူ ရွှေဇားကျေးရွာအုပ်စု ၊ စေတီပြင်ကျေးရွာနေသူအား မြို့မရဲစခန်းတွင် မယ(ပ)၁၇/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့်လှစ်ကာ အရေးယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ ကြောင်း သိရသည်။


သတင်း - ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)