ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထောပတ်သီးပင်များစိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်လုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ထောပတ်သီးပင်များစိုက်ပျိုး





MNP - မေ   ၁၆


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် သစ်ပင်စိုက်ပျိုးရန် ထောပတ်သီးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။


အမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၃) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးခင်မောင်လတ်နှင့် အမှတ်(၅၀၆)ခြေမြန်တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသန်းစိုးတို့ကဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပြည်သူများက အထက(ပန်လုံ) ကျောင်းဝန်းအတွင်း ထောပတ်သီးပင်(၁၀၀)စိုက်ပျိုးပေးခဲ့ပြီး ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများစိုက်ပျိုးနိုင်ရန်အတွက် အပင်(၁၀၀)ထောက်ပံ့ပေးအပ်ခဲ့ပါသည်။


ပန်လုံမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၄၉၄၀)ကျော်တွင်တည်ရှိကာ အအေးပိုင်းရာသီဥတုဖြစ်ပြီး သစ်ကြားသီးပင်နှင့် ထောပတ်သီးပင်များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)