MNP - မေ ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မိုင်းယုမြို့ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား တစ်လလျှင်တစ်ကြိမ်နှုန်း ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းစီ ဆွမ်းဆန်တော်များကို လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာ အနီးရှိ ရွှေဂဏန်း(ခ)ထပ်ပူခမ်းတော်တည်ရှိရာ ဟိုခိုကျောင်းသို့ သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းရာသို့ မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ပြည့်ဖြိုးနှင့် ကော်မတီအဖွဲ့ဝင်တို့မှ စုပေါင်း လှူဒါန်းသည့် ငွေကျပ် တစ်သိန်းခန့်တန်ဖိုးရှိ ဆန်အိတ်၊ ဆီ၊ ဆားနှင့် အခြားလှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စေတီတော် ရင်ပြင်အတွင်း သန့်ရှင်းသာယာရေး တံမျက်စည်းလှည့်ခြင်းနှင့် အမှိုက်များ သိမ်းဆည်းခြင်းတို့ဖြင့် ကုသိုလ်ပြုခဲ့ကြသည်။
ယင်း ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းမှုကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကော်မတီအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဒေသတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် တစ်လလျင်တစ်ကြိမ်နှုန်းဖြင့် ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းစီအတွက် လကုန်ရက်တိုင်း သွားရောက်ဆက်ကပ်လှူဒါန်းပေးနေလျက်ရှိကြောင်း သိရသည်။
သတင်း - ကိုကိုနိုင်
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment