MNP - မေ ၁
၂၀၂၂ ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ရောက်ရှိမည့် (၇၆) နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်း ဦးဆောင်၍ တိုင်း/ခရိုင်/မြို့နယ် သန္ဓေ/အရန် စုစုပေါင်း အင်အား (၇၅)ဦးတို့က မေ (၁)ရက် နံနက်(၉) နာရီတွင် ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ ပဲခူးတပ်နယ်မှူး ဗိုလ်မှူးကြီး ဆန်းညွှန့်လှိုင်၊ပဲခူး ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့က တက်ရောက်ပြီး သွေးအလှူရှင်များအား သွေးအားပြည့် အချိုရည်နှင့်ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment