မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအတွက် ဒုတိယအကြိမ် ဂရန်အင်းများ လေလံရောင်းချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးရာသီအတွက် ဒုတိယအကြိမ် ဂရန်အင်းများ လေလံရောင်းချ





MNP - မေ   ၂၆


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ဒုတိယအကြိမ် အင်းလေလံတင်ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။


အင်းလေလံပွဲကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောက်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးဝေလင်းနှင့် အင်းလေလံရောင်းချရေး ကော်မတီဝင်တို့က အုတ်ဖိုမြို့နယ်နှင့် နတ်တလင်းမြို့နယ်အတွင်းရှိ ဂရန်အင်း(၄)အင်းကို (ဒုတိယ)အကြိမ်လေလံတင်ရောင်းချရာ ဈေးပြိုင်စနစ်ဖြင့်(၃)အင်းကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် ၁၂,၇၆၅,၀၀၀/- (ကျပ်တစ်ရာနှစ်ဆယ်ခုနှစ်သိန်းခြောက်သောင်းငါးထောင်ကျပ်တိတိ)အား နိုင်ငံတော်အခွန်ငွေရရှိခဲ့သည်။


ကျန်ရှိသောအင်းများ‌ကို ဇွန်လ ၁၀ ရက်နေ့၌ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် (တတိယအကြိမ်) အင်းလေလံတင်ရောင်းချခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ပေါက်စ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)