စစ်ကိုင်းမြို့ရှိ တက္ကသိုလ်ကျောင်းများနှင့် ပညာရေးဒီဂရီကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့ရှိ တက္ကသိုလ်ကျောင်းများနှင့် ပညာရေးဒီဂရီကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်

 


MNP - မေ   ၁၂

စစ်ကိုင်းမြို့ရှိ ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ သမဝါယမတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ကျောင်းများ၏ ပရဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းကို မေ(၁၁)ရက်၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက ခြုံနွယ်ပိတ်ပေါင်းမြက်များနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များကို ရှင်းလင်းခုတ်ထွင် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ တက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများနှင့် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ စီမံဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)