MNP ၊ မေ ၁၇
ပေါင်မြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးကျင်းပသော နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာ ဆုပေးပွဲကို ယနေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ် ကဒုံးစီးတိုက်ကျောင်းဗဟိုစာဖြေဌာနတွင် ကျင်းပသည်။
အခမ်းအနားတွင် နမောဓဿသုံးကြိမ်ရွတ်ဆိုပြီး ဇင်းကျိုက်ကျောင်းဆရာတော် က ယခုစာမေးပွဲအောင်မြင်ပြီး လာမဲ့နှစ်တွေမှာလည်း စာပေတွေကို ကြိုးစားသင်ယူကြရန် ရိုးရာယဉ်ကျေးမှုအမွေကိုထိန်းသိမ်းကြမှာဖြစ်ပြီး ယခုကာလအနေဖြင့် မွန်စာပေနှင့်ယဉ်ကျေးမှုတွေကိုမပျောက်မပျက်ထိန်းသိမ်းကာကွယ်ကြဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။
ကဒုံးစီးတိုက် ကျောင်းဆရာတော်က ပေါင်မြို့နယ် ကျောင်းပေါင်းစုံ လာရောက်ဖြေဆိုကြလို့ဝမ်းသာပီတိဖြစ်ရပါကြောင်း လာမည့်နှစ်တွေမှာလည်းဒီထက်မက ဝင်ရောက်ဖြေဆိုကြဖို့ဖိတ်ခေါ်ပါကြောင်း မိန့်ကြားသည်။
ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသိုက်ထွန်း က ယခုလိုမွန်စာပေနှင့်ယဉ်ကျေးမူများကို လေ့လာခွင့်ရတဲ့ ကလေးတွေကိုဂုဏ်ယူပါကြောင်း မွန်လူမျိုးတို့၏ ဘာသာ စာပေနှင့်ယဉ်ကျေးမှုများကိုလည်း မပျောက်မပျက်ထိန်းသိမ်းကာကွယ်ကြဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ဆုရရှိသော ပေါင်မြို့နယ်ဌာနကျောင်းအသီးသီးမှ မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာ စာမေးပွဲအောင်မြင်သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်းသိရသည်။
သတင်း - မွန်မလေး
https://t.me/MyanmarNationalPost








No comments:
Post a Comment