ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 8 (သင်ရိုးသစ်) ဆင့်ပွား သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့၌ မြို့နယ်အဆင့် Grade - 8 (သင်ရိုးသစ်) ဆင့်ပွား သင်တန်း ဖွင့်လှစ်






MNP ၊ မေ ၁၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ ၌ မြို့နယ်အဆင့် Grade -8 ( သင်ရိုးသစ်)ဆင့်ပွားသင်တန်း ကိုယမန်နေ့ နံနက်(၉)နာရီက ဘူးသီးတောင်မြို့ အမှတ်( ၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

 ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင် ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်း ကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်း မွန်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့်Grade - 8(သင်ရိုးသစ်)ဆင့်ပွား သင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံး က  သိရသည်။

 

သင်တန်းကို  သင်တန်းနည်းပြ(၂၂)ဦး က သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသားစာရင်းရှိအခြေခံပညာအလယ်တန်းအဆင့်ဆရာ ( ၃၈၀)ဦး၊ဆရာမ( ၄၈၈)ဦးစုစုပေါင်း ( ၈၆၈)ဦး ရှိပြီးသင်တန်းကာလမှာမေလ(၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်ထံမှသိရသည်။

 အဆိုပါ မြို့နယ်အဆင့်Grade -8 ( သင်ရိုးသစ်)ဆင့်ပွားသင်တန်းတက်ရောက်နေမှုကိုဘူးသီးတောင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများကကျန်းမာရေးဆိုင်ရာကိစ္စရပ်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)