ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မူလတန်းအဆင့် အခြေခံပန်းချီသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မူလတန်းအဆင့် အခြေခံပန်းချီသင်တန်းဖွင့်လှစ်







MNP ၊ မေ ၁၇

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန ၊ မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီသင်တန်း(အခမဲ့)ဖွင့်လှစ်သင်ကြား ပို့ချခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဖွင့်လှစ်သင်ကြားကြောင်းသိရှိရသည်။

အဆိုပါသင်တန်းတွင် ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်စိန်က ကျောင်းသား/သူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိစေရန်အတွက် အခြေခံပန်းချီပညာသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ အခြေခံပန်းချီပညာရပ်ကို ကြိုးစားသင်ကြားကြရန်၊ ပန်းချီရေးဆွဲခြင်းမှာ စိတ်တည်ငြိမ်မှုရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့်ကြိုးစားသင်ကြားကြရန်တို့ကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် ပန်းချီရေးဆွဲခြင်းအတတ်ပညာရပ်ကို ပန်းချီနည်းပြ ဆရာဦးကျော်သန်းက ရှင်းလင်း ဆွေးနွေးကာ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ(၂၅)ဦးတို့အား အခြေခံပန်းချီသင်တန်းကို မေလ(၁၇)ရက်နေ့ မှ မေလ (၂၃)ရက်နေ့အထိ (၇)ရက်တိတိကို နံနက်(၇)နာရီမှ (၉)နာရီအထိနှင့် ညနေ(၃)နာရီမှ (၅)နာရီအထိ တစ်နေ့တွင် (၂)ချိန် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)