MNP ၊ မေ ၁၀
ရခိုင်ပြည်နယ်၊ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက် ပျိုးပွဲကို ယနေ့နံနက် (၇ ၃၀)နာရီအချိန်တွင် အမ်းမြို့နယ်၊ ဆင်ခုံတိုင် ကျေးရွာအနီးတွင် စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရှိရသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို အမ်းမြို့နယ်၊ သစ်တောဦးစီးဌာန ကကြီးမှူး ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအတွင်း ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်လာစေရေး၊ ရာသီ ဥတုအပူဒါဏ် ကာကွယ်နိုင်ရေး၊ ပြည်သူများ သစ်ပင်သစ်တောကို ပိုမိုချစ်ခင်တန်ဘိုးထားတက်လာစေရေး၊ သဘာဝပတ် ဝန်းကျင်စိမ်းလန်းစိုပြည်လာစေရန် ရည်ရွယ်၍ သက်တမ်းရင့် အမြင့် ၂ ပေနှင့် အထက် ပျဉ်းကတိုး(၅၄၀)ပင် အား စိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာမိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများနှင့်ကျောင်းသားကျောင်သူများ၊ ကျေးရွာနေပြည်သူမျာ၊အင်အား(၁၂၀)ဦးခန့်က သတ်မှတ်ထားသည့် နေရာများတွင် တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost






No comments:
Post a Comment