မြေပုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် သင်ရိုးသစ် Grade-5 သင်ရိုးသစ် သင်တန်းပို့ချသင်ကြားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြေပုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် သင်ရိုးသစ် Grade-5 သင်ရိုးသစ် သင်တန်းပို့ချသင်ကြားလျက်ရှိ







MNP ၊ မေ ၁၀

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ မြို့နယ်အဆင့် သင်ရိုးသစ် Grade-5သင်တန်းကို ယနေ့နံနက်၉နာရီအချိန်က မြေပုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ် သင်တန်းပို့ချသင်ကြားလျက်ရှိကြောင်းသိရသည်။

အဆိုပါ သင်တန်းပို့ချသင်ကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းအဆင့် (Grade-5)သင်ရိုးသစ် သို့ရောက်ရှိလာမည့် ကျောင်းသား/ကျောင်းသူများအတွက် ကိုယ်ရည်ကိုယ်သွေးကျွမ်း ကျင်မှုရှိစေရန် ၊ နိုင်ငံသားကောင်းစိတ်ဓာတ်များရရှိလာစေရန်နှင့် မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး ၊ စာရိတ္တနှင့်ပြည်သူ့နီတိ ၊ ဂီတ-ပန်းချီ စသည့် ဘာသာရပ်များကို မေလ(၁၀)ရက်နေ့မှ(၁၃)ရက်နေ့ ထိဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ မြေပုံမြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ခန်း (၁၆)ခန်း နှင့် ကမ်းထောင့်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ခန်း(၁၀)ခန်းတို့၌ မူလတန်း ကျောင်းများမှ သင်တန်းသား ဆရာ/ဆရာမ (၉၆၀)ဦးတက်ရောက်ကြပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ (၃၂)ဦးတို့က သင်တန်းကာလ(၄)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြေပုံမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - တင်ဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)