ဒုတိယအသုတ် အဝေးသင်တက္ကသိုလ် စာမေးပွဲများ မေ ၃၀ ရက်နေ့ စတင်ဖြေဆိုရမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယအသုတ် အဝေးသင်တက္ကသိုလ် စာမေးပွဲများ မေ ၃၀ ရက်နေ့ စတင်ဖြေဆိုရမည်




MNP ၊ မေ ၂၃

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ အဝေးသင်တက္ကသိုလ် သင်တန်းများ ဖွင့်လှစ်ထားရှိသည့် တက္ကသိုလ် (၄၁) ကျောင်းတွင် အဝေးသင် အနီးကပ်သင်တန်းများအဖြစ် ဒုတိယအသုတ် စတုတ္ထနှစ် အဝေးသင်ဝိဇ္ဇာဘာသာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ဥပဒေပညာ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒနှင့် ပဉ္စမနှစ် ဥပဒေပညာသင်တန်းများကို မေ ၁၉ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

အဝေးသင်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ စာသင်ခန်းအပြည့် တက်ရောက်ပညာသင်ယူလျက်ရှိပြီး ဒုတိယအသုတ် အဝေးသင် စာမေးပွဲများကို မေ ၃၀ ရက်မှ ဇွန် ၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)