MNP ၊ မေ ၁၆
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့မှ တောင်သူဦးကြီးများအား ၂၀၂၂ - ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်း အခမ်းအနား ကို ယနေ့နေ့လယ်ပိုင်းက စစ်တွေခရိုင်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ပြုလုပ်သည်။
မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းအခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊ ရခိုင်ပြည်နယ်ဘဏ်ခွဲမန်နေဂျာ ဦးဘကျော်တင်က ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ များကို မေလ ၁၆ ရက်နေ့မှစတင်ကာ ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် တောင်သူလယ်သမား ဦးကြီး များကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများအချိန်မီပြေကျေစွာပေးဆပ်ပြီး နောက်ချေးငွေသစ် သစ်ထပ်မံရယူခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ဆောင်ပေးကြစေ လိုကြောင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးမိုးဇော်ရွှေက ချေးငွေများ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ခရိုင်ဘဏ်ခွဲမန်နေဂျာနှင့် ဝန်ထမ်းများက တောင်သူဦးကြီး များအား ချေးငွေများထုတ်ချေးပေးကြသည်။
အဆိုပါချေးငွေထုတ်ချေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၊ စစ်တွေမြို့ အနေဖြင့် သင်ပုန်းတန်းကျေးရွာအုပ်စုမှ တောင်သူ ၄၂ ဦးအား လယ်ဧက ၂၄၈ ဧကအတွက် ချေးငွေ ၃၇၂ သိန်း ကိုထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost


No comments:
Post a Comment