ကျောက်တံခါးမြို့တွင် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့တွင် အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းဆောင်ရွက်




MNP - မေ  ၁၆


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာ ရောဂါကြိုတင် ကာကွယ်စေရန် ရည်ရွယ်၍ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီ အချိန်တွင် ကျောက်တံခါးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက် (၉) နှစ်မှ (၁၀) နှစ်အရွယ် အမျိုးသမီးငယ် စုစုပေါင်း (၈၆) ဦးကို ဒုတိယအကြိမ် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးနောက် သားဖွားဆရာမ ဒေါ်စန်းစန်းထွေးက HPV ကာကွယ်ဆေးထိုးနှံခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ကြောင်း၊ ကာကွယ်ဆေးတစ်ကြိမ်နှင့်တစ်ကြိမ် (၁၂) လခြားပြီးမှ ဒုတိယအကြိမ်ထိုးနှံရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာ များ၊ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPV ပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် အကြောင်းအရင်းများစသည့် ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကိုလည်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။


သတင်း - စန်းစန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)