ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အခြေခံပညာအထက်အတန်းအဆင့် Grade-11 (သင်ရိုးသစ်) ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း အခြေခံပညာအထက်အတန်းအဆင့် Grade-11 (သင်ရိုးသစ်) ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ တက်ရောက်










MNP ၊ မေ ၁၆

၂၀၂၂ -၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်အတန်းအဆင့် Grade - 11 (သင်ရိုးသစ်) ပြည်နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ဓမ္မဇေယျခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တက်ရောက်အမှာစကားပြောကြားသည်။


သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက တိုင်းပြည်တစ်ပြည်၏ တိုးတက်မှုတွင် ပညာရေးသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ် နှင့်အညီ ပညာရေးစနစ်ကိုလည်း ခေတ်နှင့်လိုက်လျောညီစွာ ပြောင်းလဲရန်လိုအပ်လာပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း ခေတ်နှင့်အညီပြောင်းလဲရန်အတွက်  KG+5,4,3 သင်ရိုးသစ်ဖြင့် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်က စတင်ပြီး ပညာရေးနှစ်အလိုက် ပြောင်းလဲမှုများကို စတင်ခဲ့သည်ကို သိရပါကြောင်း၊ ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ မူလတန်း ဆင့် Grade – 5၊ အလယ်တန်းဆင့် Grade - 8 နှင့် အထက်တန်းအဆင့် Grade -11 တို့ကို ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းများပိတ်ထားရသည့်အတွက် ပြောင်းလဲသင်ကြားပေးမှုကို မဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ကိုဗစ်ကြောင့် အတန်းလိုက်ပြောင်းလဲသင်ကြားမှုကို မဆောင်ရွက်နိုင်ခဲ့သည့် Grade – 5၊ Grade - 8 နှင့် Grade - 11 တန်းများကို ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှာ ပြောင်းလဲ သင်ကြားသွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပြောင်းလဲသင်ကြားမည့် အတန်းစဉ်အလိုက် သင်ကြား၊ သင်ယူမှုနည်းစနစ် များ မှန်ကန်စေရေးအတွက် ဗဟိုအဆင့်နည်းပြသင်တန်း၊ ပြည်နယ်အဆင့် နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် နည်းပြသင်တန်းများကို သင်ကြားပေးလျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် Grade -11 ပြည်နယ်အဆင့် နည်းပြသင်တန်းဖြစ်သည့်နှင့်အညီ ဆရာ၊ ဆရာမများအနေဖြင့် သင်တန်း မှ သင်ကြားပို့ချပေးလိုက်သည့် နည်းပညာများကို သေချာစွာမှတ်သားပြီး မြို့နယ်အဆင့်သင်တန်းမှာ ထိရောက်စွာပို့ချပေးစေလိုပါကြောင်း၊ သို့မှသာ ပြည်နယ်၏ အနာဂတ်မျိုးဆက်သစ် လူငယ်များကို ခေတ်နှင့်အညီ လိုက်နိုင်မည့် ပညာရေးစနစ်ကို သင်ကြားပေးရာတွင် စနစ်မှန်ဖြစ်မည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ၂၀၂၂ - ၂၀၂၃ ခုပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း အဆင့်တို့တွင် ကျောင်းသား၊ ကျောင်းသူ ၅၉၈၁၂၇ ဦးပညာသင်ယူကြလိမ့်မည်ဟု ခန့်မှန်းထားရှိပါ ကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ရိုးသစ်ပြောင်းလဲမှုနှင့် သင်ကြားနည်း၊ နည်းစနစ်ပြောင်းလဲမှုတို့ သည်အနာဂတ် ရခိုင်လူငယ်များ၏ ပြောင်းလဲမှုဟု အထူးမှတ်ယူကြစေလိုပါကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သော သင်ကြားနည်းများကို သေချာစွာမှတ်သားလိုက်နာပြီး မိမိတို့မြို့နယ်ကို ရောက်ရှိသည့်အခါ အောက်ခြေကျောင်းအဆင့်ထိရာနှုန်းပြည့်ရရှိအောင်သင်ကြားပေးကြပါဟုပြော ကြားသည်။


ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က သင်တန်းပို့ချပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


သင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဆရာကြီး၊ ဆရာမကြီးများတက်ရောက်ကြပြီး ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)မြို့နယ်မှ အထက်တန်းပြ ဆရာ၊ ဆရာမ ၁၉၉ ဦးအား နည်းပြဆရာ၊ ဆရာမ ၃၀ ဦးက သက်ဆိုင်ရာဘာသာရပ် အလိုက် ၃ ရက်ကြာပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)