ကျိုက်ထိုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 








MNP ၊ မေ ၃၀ 

မွန်ပြည်နယ်၊ကျိုက်ထို မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိုနယ်လုံး ကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား

နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းကျန်းမာရေး ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်း အနားကို မေ ၃၀ ရက်နံနက် (၉)နာရီတွင် ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်ကျောင်း ရာပြည့် ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး က “ကျောင်းနေ အရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသည့် ကျောင်းအပ်နှံရေးနေ့၏ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး ၊လူငယ်တိုင်း အခြေခံ ပညာသင်ယူခွင့် ရရှိစေရေးတို့ အတွက် ဆရာ /ဆရာမများ၊ ကျောင်းသားမိဘများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ညီ လက်ညီ ပူးပေါင်းဆောင်ရွက်ကြရေး တို့ကို ဆွေးနွေးမှာကြား ခဲ့ သည်။

ဆက်လက်၍  မြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းအိ မှ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးအတွက် အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ၊ ကျောင်းဝင်း ကျောင်းပြင်သန့်ရှင်းရေးအတွက် သက်ဆိုင်ရာဌာနနှင့်  ဒေသပိုင် အဖွဲ့အစည်းများ ပေါင်းဆက်စပ်ဆောင်ရွက်လျက်ရှိပြီး လူ့စွမ်းအားအရင်းအမြစ်များ  ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပညာတတ်လူငယ်များ ပေါ်ထွန်းလာစေရေး၊ ကလေးများပညာသင်ယူခွင့် ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမ၊ မိဘများ၊ အဖွဲ့အစည်းများ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။    

ထို့နောက် အထက်တန်း၊အလယ်တန်း၊မူလတန်း ကျောင်းသား/သူများအားကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ဗလာ စာအုပ်၊ခဲတံနှင့်‌ ဘောပင်၊ ကျောင်းဝတ်စုံများကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျိုက်ထို မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၂၄) ကျောင်းနှင့် ပုဂ္ဂလိ က ကိုယ်ပိုင်ကျောင်း (၆  )ကျောင်း၊ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၁၄) ကျောင်းရှိပြီး မေလ ၂၆ ရက်နေ့မှစတင်၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့အထိကျောင်းသား ကျောင်းသူပေါင်း (၂၂၆၉၆) ဦး လာရောက်ကျောင်းအပ်နှံပြီးကြပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)