MNP ၊ မေ ၃၀
သထုံခရိုင်၊ဘီးလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက (ကန်သာယာ) ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပပြုသည်။
ရှေးဦးစွာ အထက (ကန်သာယာ) ကျောင်းသား၊ကျောင်း သူလေးများက မြန်မာ့ကျောင်းသီချင်းကို သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း ကအဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ပညာရေးမှုး ဒေါ်ညွှန်ရီက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေရန်အတွက် နိုင်ငံတော်က ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ဘောပင်၊ခဲတံ စသည်များကိုထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၊ယခုနှစ် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၁၆၃ ကျောင်းကို ဖွင့်လှစ်သွားမည်ဖြစ်ရာ Grade-5 ၊Grade-8နှင့် Grade-11 စနစ်သစ်ပညာရေး အတွက် ဆရာ၊ဆရာမများအား သင်တန်းများပို့ချသင်ကြားပေးထားပြီးဖြစ်ကြောင်း၊ ဘီးလင်းမြို့နယ်အနေဖြင့် ယမန်နေ့အထိ လာရောက်အပ်နှံသည့် ကျောင်းသား၊ကျောင်းသူ (၂၅၄၅၀ )ဦးရှိပြီဖြစ်ကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေခွင့်ရရှိရေးအတွက် ကျောင်းအုပ်ကြီးများမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်တို့ကို ပြောကြားခဲ့သည်။
ယင်းနောက် အခြေခံပညာကျောင်းများသို့ နိုင်ငံတော်မှထောက်ပံ့ပေးသည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ဗလာစာအုပ်၊ခဲတံ၊ဘောပင် နှင့် ကျောင်းဝတ်စုံများ ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့က သက်ဆိုင်ရာကျောင်းအုပ် ဆရာကြီး ၊ဆရာမကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကျောင်း သိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost





No comments:
Post a Comment