မောင်တောမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ






MNP ၊ မေ  ၃၀

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌  အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာ အထက် တန်းကျောင်း ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဇွန်လ(၂)ရက်နေ့တွင် အခြေခံပညာကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ၊ အထက်တန်း၊ အလယ် တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရသည့်အတွက် ရရှိတဲ့အကျိုးရလဒ်များ ၊အရည်အသွေး ၊အတွေ့အကြုံများအား မိမိတို့ကျောင်း ပညာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို ထိရောက်မည်ဟုယုံကြည်ပါကြောင်း ၊ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆရာ၊ဆရာမကြီးများအပေါ် မူတည်ပါ ကြောင်း ၊ ဆွေးနွေးပွဲတွင် ပညာရေးဌာန၏ အရေးကြီဆုံးကဏ္ဍဖြစ်သည့် စီမံခန့်ခွဲမှုပညာ ၊ ဘဏ္ဍရေးကိစ္စ ၊ သင်ကြား ရေး ပညာ ၊ စာရင်းအင်စသည့် ကဏ္ဍအသီးသီးဆွေးနွေးကြမည်လိုသိရပါကြောင်း နှင့် ယခုအခါ မောင်တောမြို့နယ်အတွင်း  အခြေခံ ပညာ အထက်တန်း၊ အလယ် တန်း၊ မူလတန်း (၁၁၉)ကျောင်း ၊ ဘုန်းသင်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်း ၊ ကိုယ်ထူ ကိုယ်ထ(၁)ကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ယနေ့ထိကျောင်းအပ်လက်ခံထားပြီးဖြစ်သော အထက်တန်း၊ အလယ် တန်း၊ မူလတန်း ကျောင်းသား/သူ ၁၂၅၃၃ ဦး လက်ခံဆောင်ရွက်ထားပြီးဖြစ်ကြောင်း စသည့်တို့ကို ပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးညီထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆရာ၊ဆရာမကြီးများအား လမ်းညွန် အမှာစကားပြောကြားခဲ့ပြီး  မောင်တောမြို့ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေ သီစံက  အသက် ၅ နှစ်အထက် ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံပေးရန် ဆောင်ရွက်နေသည့် အခြေ အနေ များ၊  သွေး လွန် တုပ်ကွေးရောဂါ နှင့် ပတ်သတ်၍ အသိပညာပေးဟောပြောရာတွင်  သွေးလွန်တုပ်ကွေးရောဂါသည် က လေး များတွင် အဖြစ်များပါပြီး ဗိုင်းရစ်သယ်ဆောင်လာသော ခြင်ကျားကိုက်ခံရကာ ရောဂါဖြစ်ပွားတတ်ကြောင်း ၊ ပေါက်ဖွားတတ်သည့် အခြေအနေများ ၊ ကာကွယ်ရမည့် နည်းစနစ်များ ၊ ရောဂါဖြစ်ပွားလျှင်သိရှိသင့် သည့် အချက် အလက်များ အား အသိပညာ ပေးဟောပြောခဲ့သည်။  

အဆိုပါ အထက်တန်း၊ အလယ် တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ၊ ခရိုင်ပညာရေးမှူး ဦးညီထွေး ၊ မြို့နယ် ပညာရေးမှူး အောင်စံကျော် ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နုကေ သီစံ၊ အထက်တန်း၊ အလယ် တန်း၊ မူလ တန်း ကျောင်းအုပ် ဆရာ၊ဆရာမကြီးများ နှင့် တာဝန်ရှိသူများ စုစုပေါင်း ၁၂၀ ခန့် တက်ရောက်ခဲ့ရာ ၊ ကျန်းမာရေး ဦးစီး ဌာနမှ သွေးလွန်တုပ်ကွေးရောဂါ အသိပညာ ပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး အလုပ်ရုံ ဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။


သတင်း -  သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)