MNP ၊ မေ ၃၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ မိုးဦးကာလတွင်ကျေးလက်နေပြည်သူများအနေဖြင့် ရေကြောင်းခရီးသွားလာရာတွင်ရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန ၊ စည်ပင်သာယာ ရေးအဖွဲ့ ၊ မီးသတ်ဦးစီးဌာနတို့ ပူပေါင်း၍ရေလမ်းခရီးဖြင့်သွားလာကြသည့် ပြည်သူများအား အသက်ကယ် အင်္ကျီ (Life Jacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန်ရည်ရွယ်၍ ယနေ့ နံနက်၁၀ နာရီအချိန်က မြေပုံမြို့ အခွန်လွတ် မော်တော်ဘုတ်ဆိပ်ကမ်းသို့သွားရောက်ကာလက်တွေ့သရုပ်ပြနှင့်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသက်ကယ်အင်္ကျီ (Life Jacket)ကို စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန်ရည်ရွယ်ပြီးလက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးဆောင်ရွာနေရာသို့ အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုလင်းဟန် ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးကျော်သန်းစိုး စည်ပင်သာယာရေအဖွဲ့မှ ဦးဝင်းအောင်တို့ပူးပေါင်း၍ မီးသတ်တပ်ဖွဲ့ဝင်များက မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ မော်တော်ဘုတ်၊ စက်လှေများဖြင့် ရေလမ်းခရီးအသုံးပြုသွားလာကြသော ပြည်သူများအား မိုးဦးကာလတွင် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီ (Life Jacket) များစနစ် တကျ ဝတ်ဆင် အသုံးပြုတတ်စေရန်အတွက်မီးသတ်တပ်ဖွဲ့ဝင်များမှ လက် တွေ့သရုပ်ပြသခြင်း၊ ခရီးသွားပြည်သူများအား (Life Jacket)များ လက်တွေ့ဝတ်ဆင်ခြင်းများ ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သတင်း - ခိုင်မိုးမင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment